မြို့တော်ကိုအသရေတင့်စေသူနှင့်အခြေမြှင့်သူများ


ဥက္ကံမြို့သမိုင်းကြောင်း
’’ဥက္ကံ၊သုံးဆယ်၊အပျိုတွေပေါတဲ့ လှိုင်ဘောလယ်’’  ဆိုသောစာချိုးလေးကြောင့် ဥက္ကံမြို့ကို မရောက်ဖူးကြသော်လည်း ဥက္ကံ သုံးဆယ် လှိုင် ဘောလယ်တို့ကို ရင်းနှီးနေကြသူ များပါလိမ့်မည်။ ကိုလိုနီခေတ်က သာယာဝတီထောင်တွင် အကျဉ်းကျနေသော နန်းတော်ရှေ့ဆရာတင်ကို ဥက္ကံသား ပုလိပ်မင်းကြီး ဦးဘရီက ထောင်မှထုတ်နုတ်ပြီးနောက် ဥက္ကံမြို့ရှိ ပုလိပ်မင်းကြီး၏ ဖခင် ဦးဖိုးကြူးနေအိမ်တွင် သုံးနှစ်ကြာ ကျွေးမွေးပြုစုထားခဲ့ဖူးသည်ကိုမူ ကြားဖူးသူ အတော်နည်းပါလိမ့်မည်။ ထိုကာလများက ’’  ဥက္ကံ၊ သုံးဆယ်၊ အပျိုတွေပေါတဲ့လှိုင်ဘောလယ် ’’ ဆိုသောစာသားလေးကိုယူပြီးလျှင် နန်းတော်ရှေ့ဆရာတင် သီချင်းရေးခဲ့သည်ဟု ရှေးလူကြီးများ ပြောစမှတ်ပြုခဲ့ကြပါသည်။ 
မူလပထမဥက္ကံ
မူလပထမဥက္ကံ သည် လက်ရှိဥက္ကံမြို့၏ တောင်ဖက်(၃)မိုင်အကွာတွင်တည်ရှိသည့် ဥက္ကံရွာမကျေးရွာဖြစ်သည်.မြန်မာ့စွယ်စုံကျမ်းအတွဲ(၃)၊နှာ(၄၂၉)တွင်(မြတ်စွာဘုရားသည်ဥက္ကံ၊သုံးဆယ်၊ အရပ်သို့ကြွတော်မူလာပြီး၊ ပိဏ္ဍိကသူဌေး၏ သားတော်ငယ်နှစ်ပါးအားဆံတော်လေးဆူပေးတော်မူလေသည်။ညီနောင်နှစ်ယောက်တို့သည်လည်း ဟံသာဝတီပြည်ကြီးတည်ရှိရာ မဟာသုဒဿနဆေးဒန်းမြင်းသီလာတောင်ထိပ်တွင်အမြင့်သံတောင်(၄၀)ရှိသောရွှေမော်ဓောစေတီတည်ကြောင်းရာဇ၀င်သမိုင်းတွင် လာရှိချေသည်ဟု ဖေါ်ပြထားပါသည်။
J.S Furnivall I.C.S နှင့် W.S Morrison တို့ပူးတွဲပြုစုသည့် Burma Gazetteer, Insein District, Volume(A) Page(188)တွင်(ဥက္ကံသည်၁၅၈၀ပြည့်နှစ်တွင် ပဲခူး၊ဟံသာဝတီမွန်မင်းဆက်များတည်ထောင်ခဲ့သည်ဟု အပြောအဆိုအမှတ်အသားရှိခဲ့သည်။) ဟုဖော်ပြထားပါသည်၊ ကုန်းဘောင်မင်းဆက်မဟာရာဇ၀င်တော်ကြီးပထမတွဲတွင်၎င်း၊သမိုင်းပါမောက္ခ ဒေါက်တာကျော်သက်ပြုစုသော ခေတ်သစ်မြန်မာနိုင်ငံသမိုင်းစာအုပ်တွင်၎င်း၊ အလောင်းဘုရားအောက်မြန်မာပြည်ကိုပြန်လည်သိမ်းသွင်းရာတွင် ဥက္ကံနှင့်တကွ လှိုင်၊ ဘောလယ်၊သုံးဆယ်၊သာရဝေါ၊ရေကင်း၊ပထမဥက္ကံ(ရွာမ)သည် လွန်ခဲ့သောနှစ်ပေါင်း၄၂၈နှစ် ဟံသာဝတီခေတ်နှောင်းပိုင်းကာလ ကပင်တည်ရှိကြောင်း သိရှိခဲ့ရသည်။ 
ဒုတိယကမ္ဘာစစ်နှင့် ဥက္ကံ
(၁၉၄၂-၁၉၄၅)
ဒုတိယကမ္ဘာစစ်တွင် ဂျပန်ကတိုက်ခိုက်လာသဖြင့် ၁၉၄၂ခုတွင် မြန်မာနိုင်ငံမှ အင်္ဂလိပ်တို့ဆုတ်ခွာခဲ့သည့်။ အင်္ဂလိပ်အဆုတ်ဂျပန်အ၀င်တွင် ကြီးကျယ်သောတိုက်ပွဲများဥက္ကံတွင်မဖြစ်ပွားခဲ့ပါ။ ဂျပန်ခေတ်တွင် မြို့အုပ်ချုပ်ရေးကို အစိုးရတပိုင်း၊အရပ်သားမြို့မိ၊မြို့ဖတို့က တပိုင်းဆောင်ရွက်ခဲ့သည်။ ဂျပန်အ၀င်တွင် သခင်ဘညွန့်က မြို့အုပ်ချုပ်ရေးကော်မတီတွင်ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သည်ဟုသိရှိရပါသည်။ 
ဥက္ကံမြို့ကို အသရေတင့်စေသူနှင့် အခြေမြှင့်ပေးသူများ
 ဆရာတော်ကြီးကိုရန်ကုန်တိုင်း၊တိုက်ကြီးမြို့နယ်၊ကျုံတကင်းကျေးရွာတွင်ခမည်းတော်ဦးဖိုးလေး၊မယ်တော်ဒေါ်ညီမတို့က ၁၂၆၀ပြည့်နှစ်၊တပို့တွဲလဆန်း(၁၄)ရက်ဗုဒ္ဒဟူးနေ့မှာမီးရှုးသန့်စင်ဖွားမြင်တော်မူပါတယ်
ဆရာတော်ဘုရားသည် ၁၂နှစ်တွင်သာသနာ့ဘောင်ဝင်ပြီး ၁၂၈၀ပြည့်နှစ် ကဆုန်လဆန်း၁၄ရက် ရင်းတိုက်လေးပင်ကျောင်းခဏ္ဍသိမ်တော်မှာ ဥက္ကံမြို့ရွှေဘိုကျောင်းဆရာတော်ဦးခေမိန္ဒဦးဆောင်ပြီးမြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်ရှိအောင်ချီမြှောက်တော်မူပေးခဲ့ပါတယ်။
စာပေလေ့လာသင်ကြားခြင်း
ရဟန်းပြုပြီးနောက် မန္တလေး၊မုံရွာစသည်မြို့ကြီးများတွင် ပိဋကစာပေကျွင်းကျင်သောဆရာတော်ကြီးများထံတွင်ပိဋကစာပေးများကို မန္တလေးနည်း၊ပခုက္ကူနည်းတို့ဖြင့်တန်ဆာဆင်ကာ ကျွမ်းကျင်အောင်သင်ယူတော်မူခဲ့ပါတယ်။သက္ကဋစာပေကိုတော့ မော်လမြိုင်၊ညောင်ပင်ဆိတ်ရွာ၊၀ဇီရာမဆရာတော်ထံမှာသင်ယူတော်မူခဲ့ပါတယ်။ ရဟန်း(၇)၀ါအရမှာတော့ပိဋကစာပေကျွှမ်းကျင်နှံ့စပ်လို့ ဘုရားကြီးကျောင်းတိုက်ကို ပထမဆရာတော်ဦးဥက္ကံသမထေရ်မြတ်ကသက်ရှိထင်ရှားရှိစဉ်မှာပဲလွဲအပ်ခြင်းခံရပါတယ်။ ဆရာတော်ကြီးဦးဝိဇယသည် ၁၂၈၆ခု့၊တန်ဆောင်မုန်းလဆန်း(၁၄)ရက် နိုဝင်ဘာလတွင်
သံဃာတော်ပေါင်း၃၀ပါးနှင့် ဘုရားကြီးကျောင်းပရိယတ္တိစာသင်တိုက်အဖြစ်ဖွင့်တော်မူပြီး ပရိယတ္တိအုဌ်မြစ်ချပေးတော်မူခဲ့ပါတယ်။
ဆရာတော်ဘုရားရဲ့ထူးခြားတဲ့ဂုဏ်တွေကတော့ ယနေ့ခေတ်လူသိများထင်ရှားကျော်ကြားတော်မူတဲ့ မင်းကွန်းဆရာတော်ကြီးဦးဝိစိတ္တက ဥက္ကံမြို့မှာနှစ်စဉ်စာပြန်ပွဲတော်တွင်တရားဒေသနာများဟောကြားတော်မူပေးပြီး တနှစ်မှာမင်းကွန်းဆရာတော်ကြီးကမိန့်တော်မူပါတယ်၊ တို့်များနိုင်ငံလှည့်တရားဟောလာတာ ဆရာတော်ကြီးများမြောက်များစွားကိုဖူးတွေ့ဖူးးပါတယ်၊ ဒီနေ့ဥက္ကံလို့ဆရာတော်ကြီးကတော့အမတန်မှရှားတယ် သေသေချာချာဂရုစိုက်ကြပါလို့ဒကာ/ဒကာမများကိုမိန့်တော်မူဘူးပါတယ်။
ဆရာတော်ကြီး၏ထင်ရှားကျော်ကြားတဲ့တပည့်များလည်းရှိပါသေးတယ်။   
                                                                                        ရှေ့လတွင်တင်ပြပါမည်




 

0 comments: